အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ၂၀၁၀ ပြည့်နှစ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ပါဠိပထမ ပြန်အောင်လက်မှတ်ဆပ်ကပ်ပွဲနှင့် ဂုဏ်ပြုပူဇော်ပွဲဆူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက ဟုမ္မလင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ၂၀၁၀ ပြည့်နှစ်၊ ပြည်သူ့စစ်မှုထမ်းဉပဒေ ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေးပွဲကို ဧပြီလ ၇ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 09,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်များမှဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်ပွဲအခမ်းအနားကို မြို့မအခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက်(၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အ.ထ.က(ခန္တီး)ကျန်စစ်သားခန်းမ၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီး အကဲများ၊ ကျောင်းဆရာ/မများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းတက်ရောက်မည့်သူများ တက်ရောက်ခဲ့ကြသည်။
Apr 09,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်များ ဖွင့်လှစ်ထားရှိမှုနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက တံတားဦးမြို့ တောကျောင်း အနောက်တိုက် ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပကြောင်း သိရသည်။