ပေါင်းတည် ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်သည် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပေါင်းတည်မြို့နယ်ရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ပေါင်းတည်မြို့ ပျဉ်းပင်ကန်ရပ်ကွက်အတွင်း အခြေခံစာတတ်မြောက်ရေးအတွက် အ.လ.က (ခွဲ) မှတ်တိုင်လမ်း၌ စာသင်ဝိုင်းပြုလုပ်ကာ ဆရာ၊ ဆရာများက သင်ကြားပြသနေမှုများကို ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ပြီး တက်ရောက်သင်ယူနေကြသော ရပ်ရွာပြည်သူများအား အားဖြည့်အချိုရည်အအေးဗူးများ လှူဒါန်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစာတက်မြောက်စေရေးအတွက် ဧပြီလ ၆ ရက်မှ စတင်ကာ စာသင်ဝိုင်း ၃၅ ဝိုင်းဖြင့် ရပ်ရွာပြည်သူ ၅၂၅ ဦအား အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)