မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အသက်(၂၁)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နှစ်သစ်အတာသင်္ကြန်ဖလား ဆု‌ပေးပွဲအခမ်းအနား ကျင်းပ

မိုင်းတုံ ဧပြီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မအားကစားကွင်းတွင် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အသက်(၂၁)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နှစ်သစ်အတာသင်္ကြန်ဖလားတွင် ဆုရရှိခဲ့သော အဖွဲ့များအား ဆုပေးပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့များ၊ မြို့နယ်ရဲမှူးနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊‌ ပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆုပေးပွဲမစမှီ ၃ နာရီ ၁၅ မိနစ်အချိန်တွင် Youth Dream အသင်းနှင့် Phoenix FC အသင်းတို့ ဗိုလ်လုပွဲကျင်းပရာ Youth Dream အသင်းက ပထမဆု၊ Phoenix FC(A)အသင်းက ဒုတိယဆုနှင့် တစ်ဦးချင်းအကောင်ဆုံးဆု (၅)ဆုရရှိခဲ့သူများ ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဆု‌ပေးပွဲပြုလုပ်ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ဒိုင်းဆုနှင့် ရွှေတံဆိပ်ဆုဆွဲပြားများကိုလည်း‌ကောင်း၊ မြို့နယ်ရဲမှူးမှ ပထမဆုငွေသား (၁၅၀၀၀ဝိ/-)ကျပ်နှင့် ဒုတိယဆုငွေသား(၁၀၀၀၀ဝိ/-)ကျပ်ကိုလည်းကောင်း၊ မြို့နယ်နတလမှ ငွေတံဆိပ်ဆုဆွဲပြားများလည်းကောင်း၊ အ‌ကောင်းဆုံးဆု (၅)ဆုနှင့် ပွဲစဉ်တစ်လျှောက်ပါဝင်ကူညီပေးခဲ့သော မြို့နယ်ကြက်ခြေနီအဖွဲ့၊ ပွဲစဉ်တစ်လျှောက်ပါဝင်ကူညီပေးခဲ့သော ဒိုင်းအဖွဲ့အား ဂုဏ်ပြုလက်‌ဆောင်များကို ဌာနဆိုင်ရာအသီးသီးက ပေးအပ်ခဲ့ရာ ဆုရရှိသူအသီးသီးက ဆုများလက်ခံရယူခဲ့ကြကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အသက်(၂၁)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နှစ်သစ်အတာသင်္ကြန်ဖလားပွဲကို ၄-၄-၂၀၂၄ ရက်နေ့မှ ၈-၄-၂၀၂၄ ရက်နေ့ထိ အဖွဲ့ (၅)ဖွဲ့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်‌ကြောင်း မြို့နယ်အားကစားတာဝန်ခံ ဦးကျော်ဇင်လတ်ထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)