မင်းတုန်းမြို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

မင်းတုန်း ဧပြီ ၉

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၁၀ နာရီက သက်ဆိုင်သူအားလုံး ပါဝင်သော မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍ အဓိကအကြောင်းအရာများအား သုံးသပ်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၃) နှင့် မြို့နယ်မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊‌ မြစိမ်းရောင်ကျေးရွာ (၂၉) ရွာမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)