Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်လေးပင်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲအောင် ရဟန်း၊ သာမဏေ၊ သီလရှင်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Apr 10,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်းသာမဏေများနှင့် သီလရှင်များအား ဘွဲ့လက်မှတ်အဆောင်အယောင်နှင့် စာအောင်လက်မှတ်ဆက်ကပ်ခြင်း (စူဠဘွဲ့နှင်းသဘင်)အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ညောင်လေးပင်မြို့ ဒက္ခိဏာရာမ အသောကာရုံတောင်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ ပင်လယ်ဂဏန်း ယခင်နှစ်ထက် ဈေးကောင်းရရှိနေ
Apr 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံအချို့သည် တံငါလုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ပင်လယ်ဂဏန်း ယခင်နှစ်ထက် ဈေးကောင်းရ၍ ရှာဖွေသူများ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Apr 10,2024
စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Apr 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် စာအောင်သံဃာတော်တော်(၆၄)ပါးနှင့် ကြီးကြပ်ဆရာတော်(၁၁)ပါးတို့အား စာအောင်လက်မှတ်၊ စာအောင်ဆုနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို စူဠာမုနိကုသိုလ်တော် ဘုရားကြီး အရှေ့ဘက်အာရုံခံတန်ဆောင်းတော်ကြီးအတွင်း၌ ယနေ့နံနက် ၉:၃၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ ဒေသန္တရစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေး ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဌာနများအား စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်နှင့် ရှမ်းပြည်နယ်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါများ ကင်းဝေးစေရန် ရှောင်တခင်စစ်ဆေး
Apr 10,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါများ ကင်းဝေးစေရန် ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ စမ်းသပ်စစ်ဆေးကုသပေးခြင်း ဆောင်ရွက်
Apr 10,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက် (၁၀)နာရီက မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း သံဃာတော်များ ဆေးကုသဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် အေးမေတ္တာမူကြိုကျောင်းဆင်းပွဲ ကျင်းပ
Apr 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ရန်အောင်မြင်ရပ်ကွက်၊ အေးမေတ္တာ မူကြိုကျောင်းခန်းမ၌ ကျောင်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အေးတ္တော မူကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသား မိဘများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5314
Page
5315
Page
5316
Page
5317
Current page
5318
Page
5319
Page
5320
Page
5321
Page
5322
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department