ဒိုက်ဦး ဧပြီ ၉
ဒိုက်ဦးမြို့နယ်၌ (၄၁) ကြိမ်မြောက် ပါဠိပထမပြန်နှင့် စူဌဘွဲ့နှင်းသဘင်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့ဦးကျောင်းတိုက် ပရိယတ္တိအောင်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆိုကတော့ပြီး အခမ်းအနားဖွင့်လှစ်ပြီးနောက် ဒိုက်ဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဖအောင်ဝဲသီရိမင်္ဂလာမှန်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ (မဟာသဒ္ဓမ္မဇောတိကဓဇ) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး ကသာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားပြီးနောက် မြို့သစ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောဘာသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်မှ ဩဝါဒကထာနှင့် ရေစက်ချ အနုမောဒနာတရားချီးမြှင့်ပေးခဲ့သည်။
ထို့နောက် (၄၁) ကြိမ်မြောက် ပါဠိပထမပြန်နှင့် စူဌဘွဲ့နှင်းသဘင်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် သာသနဓဇဓမ္မာစရိယ (၃) ပါး၊ ပထမကြီး (၆) ပါး၊ ပထမလတ် (၃) ပါး၊ ပထမငယ် (၃၉) ပါး၊ အခြေပြု (၂၂) ပါးတို့အား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)