မြို့သစ် ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း၊ ရွှေရောင်တော်ဘုရား၌ ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူပွဲတွင် သာသနာ့ဘောင်သွတ်သွင်းပြီး ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေလောင်းလျာတို့အား မြို့သစ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့သစ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် မြို့နယ်မှ တာဝန်ရှိသူများ အလှူရှင်မိသားစုများက အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများကို ယမန်နေ့နံနက်က လောင်းလှူခဲ့ကြသည်။
ထို့နောက် တောင်တွင်းကြီးမြို့၊ ရှင်အပါး (၅၀၀၀ )ရှင်ပြုပွဲတွင် သာသနာ့ဘောင်သွတ်သွင်းပြီး ပြန်လည်ရောက်ရှိလာသည့် သာမဏေများမှ ရှင်သာမဏေတို့အား မြို့သစ်မြို့၏ သာလေးသာသမိုင်းဝင်လှိုင်နံသာစေတီတော်မြတ်ကြီး၏ ဓမ္မာရုံကြီး၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို ဧပြီ ၈ ရက်နေ့မှ စ၍ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများလည်း လောင်းလှူခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)