ဗိဿနိုးမြို့ဟောင်း၊ ရွှေရောင်တော်ဘုရား၊ ရှင်အပါး (၅၀၀၀) ရှင်ပြုပွဲသို့ သွားရောက်၍ သာသနာ့ဘောင်သို့ သွတ်သွင်းပြီး ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေများကို အရုဏ်ဆွမ်းလောင်းလှူ

အောင်လံ ဧပြီ ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးမြို့ဟောင်း၊ ရွှေရောင်တော်ဘုရား၊ ရှင်အပါး (၅၀၀၀) ရှင်ပြုပွဲသို့ သွားရောက်၍ သာသနာ့ဘောင်သို့ သွတ်သွင်းပြီး ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေများ အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် (၄) နာရီက လမ်းမတော်လမ်းမပေါ်၌ လောင်းလှူခဲ့သည်။

အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် ကန်လယ်ဆွမ်းလောင်းအသင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ မြို့နယ်ပြည်သူများမှ (၉.၄.၂၀၂၄) ရက်နေ့တွင် အလယ်လမ်းမပေါ်ရှိ ကပြားဆွမ်းလောင်းအသင်းမှစတင်၍ လမ်းမတော်လမ်းမပေါ်ရှိ ရွှေပြောင်ပြောင်ဆွမ်းလောင်းအသင်းတို့မှ တန်းဆွမ်းများလောင်းလှူသွားမည်ဖြစ်ပြီး၊ (၁၀.၄.၂၀၂၄) ရက်နေ့တွင်အလယ်လမ်းမပေါ်ရှိ ဝါပဆွမ်းလောင်းအသင်းမှ စတင်၍ကမ်းနား လမ်းမပေါ်ရှိ တန်ဆောင်တိုင်ဆွမ်းလောင်းအသင်းတို့မှ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)