သက်ကြီးဘိုးဘွား၊ ကိုယ်ဝန်ဆောင်မိခင်၊ မူကြိုကလေးများနှင့်ကာကွယ်ဆေးထိုးနှံသောကလေးများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

အမရပူရ ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ဈေးချိုရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းသို့ မန္တလေးတိုင်းဒေသကြီး မိခင်နှင်က‌လေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ အမရပူရခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါနှင့် ဒေါ်‌မေဝါကိုကိုအဖွဲ့သည် ယမန်နေ့နံနက် ၉နာရီအချိန်က ရောက်ရှိခဲ့ပြီး  သက်ကြီးရွယ်အိုအဘိုး/အဘွား (၁၅)ဦးတို့အား ကြက်ဥ၊ ငှက်ပျောသီးနှင့် ကွေကာအုပ်များ ထောက်ပံ့လှူဒါန်းခြင်း၊ ကိုယ်ဝန်ဆောင်မိခင်(၁၅)ဦးအား ကြက်ဥ၊ ဌက်ပျောသီးနှင့် ဆားများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုနောက်အသင်းပိုင် မြို့မမူကြိုကျောင်းမှ ကလေးများအား ကလေးကစားစရာအရုပ်များ၊ ပဲနို့နှင့် ပေါင်မုန့်များ ပေးဝေခဲ့ပြီး အသင်းပိုင်သားဖွားခန်းနှင့် မြို့မမူကြိုကျောင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး အိုးတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ (၁)နှစ်အောက်ကလေးများအား ကာကွယ်ဆေးထိုးနှံပေးနေသည့်နေရာသို့ သွားရောက်ပြီး ကလေးငယ်များအတွက် ကစားစရာအရုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)