အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၂၅)ရပ်ကွက် ဓမ္မာရုံတွင် ကျူးကျော်နေထိုင်သူများအား ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအား အခြေခံစာတက်မြောက်‌စေရေး စာဖတ်ဝိုင်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲနှင့် လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 09,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ဖွံဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တွင် ယနေ့ နံနက်(၇) နာရီခန့်က ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမ ပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်သော စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား  ကျင်းပခဲ့သည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ်မြောက် ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Apr 09,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ဒေသခံပြည်သူများမှ အများဆုံးတောင်းဆိုလေ့ရှိပြီး ဒေသနှင့်လိုက်လျောညီထွေမှုရှိသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း (၁၁)ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဤဦးစီးဌာနရုံးမှ သိရသည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၄ ခုနှစ် ခြေခံစာတတ်မြောက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။