အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းမြို့နယ်အဆင့် နည်းပြ(ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2024
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှဧပြီလ (၉)ရက်နေ့အထိ နေ့စဥ်မွန်းတည့်(၁၂)နာရီမှ ညနေ(၃) နာရီအထိ ကျင်းပပြုလုပ်လျက်ရှိရာ ဧပြီ ၃ရက်နေ့ မွန်းလွဲပိုင်း (၁၂)နာရီအချိန်က ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရားပရိဝုဏ်ရှိ နန်းအိမ်သူဓမ္မဗိမ္မာန်အတွင်း ဖြေဆိုခဲ့ကြောင်း သိရသည်။
Apr 05,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများသည် မိမိတို့၏ ဥယျာဉ်ခြံများအတွင်းတွင် ကတက်ပင်များကို နှစ်ရှည်ပင်များနှင့် ရောနှောစိုက်ပျိုးထားကြပြီး တချို့ ကတက်ပင်များမှာ သဘာ၀အလျောက် ပေါက်ရောက်လျက်ရှိရာ ကတက်ရွက်များ လှိုင်လှိုင်ပေါ်ချိန် ဒေသခံပြည်သူများက ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရလျက်ရှိကြောင်း သိရသည်။            
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) မြတ်ပညာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့သော သီးထပ်သီးနှံ မတ်ပဲများကို ၂၀၂၄ ခုနှစ်၊ မတ်လပိုင်းတွင် ရိတ်သိမ်းခဲ့ကြရာ တစ်ဧကပျှမ်းမျှ တင်း ၂၀ ဝန်းကျင်ထွက်ရှိခဲ့ကြ​ကြောင်းနှင့် ယခုလတ်တလောတွင် ဒေသပေါက်စျေး တစ်တင်းလျှင် ကျပ် ၉၆၀၀၀ စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိ၍ မတ်ပဲစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Apr 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ် လေးများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစွာ သွားလာတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2024
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ရာသီအစားအစာ တစ်ခုဖြစ်သော သခွားမွှေးများ ထွက်ရှိချိန် ဈေးကောင်းရရှိ၍ တောင်သူများ တွက်ခြေကိုက်ကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Apr 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓရ မဟာဝိဟာရကျောင်း တိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရန်ကင်းကျောင်းကြီးရှိ ဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။