အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။
Apr 05,2024
ပူပြင်းခြောက်သွေ့သော ပွင်းလင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရန် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၄ ရက် နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ အမှတ်(၁)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Apr 05,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ကဲလင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်သည်။
Apr 05,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ​​​​ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ “ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 05,2024
၂၀၂၄ ခုနှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။
Apr 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကျန်းမာရေးဌာနမရှိသည့် ကျေးလက်ဒေသများသို့ One Stop Service ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Apr 05,2024
မွန်ပြည်နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၄)ကို  ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောာင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်​ရောက်သည်။
Apr 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များ၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေး ဆရာ ဗန်းမော်သိန်းဖေ ရေးသားသည့် “ ကြီးကြီးတွေး မြင့်မြင့်ကြံ ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။