လိပ်သိုမြို့တွင် ရာသီစာ ကတက်ရွက်များ လှိုင်လှိုင်ပေါ်ချိန် ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိ

လိပ်သို  မတ် ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများသည် မိမိတို့၏ ဥယျာဉ်ခြံများအတွင်းတွင် ကတက်ပင်များကို နှစ်ရှည်ပင်များနှင့် ရောနှောစိုက်ပျိုးထားကြပြီး တချို့ ကတက်ပင်များမှာ သဘာ၀အလျောက် ပေါက်ရောက်လျက်ရှိရာ ကတက်ရွက်များ လှိုင်လှိုင်ပေါ်ချိန် ဒေသခံပြည်သူများက ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရလျက်ရှိကြောင်း သိရသည်။            

နွေရာသီကာလ ရာသီစာ အရွက်ဖြစ်သည့် ကတက်ရွက်နုများကို ဆားရည်စိမ် အချဉ်တည်ပြီး အသားငါးနှင့် ကြော်ချက်စားသုံးခြင်း ၊ တို့စရာနှင့် အသုပ်ဟင်း ပြုလုပ်စားသုံးကြသည့်အပြင် ကတက်အခေါက်ကို ဆေးအဖြစ်သွေး၍ လိမ်းကြံကြကြောင်း သိရဿည်။

ယခုအခါ ကတက်ပင်များ ရှားပါးလာခြင်း၊ လူဦးရေတိုးပွားလာပြီး စားသုံးများ များပြားလာခြင်း၊ စိုက်ပျိုးပြုစုထိန်းသိမ်းရန် လွယ်ကူခြင်းတို့ကြောင့် ဒေသခံများက မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင် စိုက်ပျိုးထိန်းသိမ်းလာကြပြီး စားသုံးရန် ပိုလျှံသည့်အပြင် ကတက်ချဉ်ပြုလုပ်၍ ပြန်လည် ရောင်းချကြရာ ကတက်ချဉ်တစ်စီးလျှင် (၅၀ဝိ/−) ကျပ်မှ (၁၀၀ဝိ/−) ကျပ်အထိ ရောင်းချရကာ အပိုဝင်ငွေများ ရလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)