မုံရွာ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓရ မဟာဝိဟာရကျောင်း တိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရန်ကင်းကျောင်းကြီးရှိ ဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဦးစွာ “နမောတဿသုံးကြိမ်” ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး ရန်ကင်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ် သက်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်ပြီး ရန်ကင်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ တိပိဋကဓရ၊ တိပိဋက ကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိတ်သက်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ ရွှေတောင်ဦး တိပိဋကဓရ မဟာဝိဟာရကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းအခက်အခဲ မရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်တော် ၅၀ အိတ်၊ ဆီ ၄၂ ပိဿာ၊ ဆား ၁၇ ပိဿာ၊ ပဲ ၄၂ ပိဿာ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၇၀ ကျော်အား ဆက်ကပ်လှူဒါန်းခဲ့ သည်။
၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီးအား မုံရွာမြို့၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၂၈ ရက်မှစတင်၍ ဖြေဆိုလျက်ရှိရာ သြဝါဒါ စရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ အကျိုးတော်ဆောင် ဆရာတော်ကြီးများနှင့် ကြီးကြပ်ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြသည်။
ယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ အကျိုးတော် ဆောင် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီး၌ ဖြေဆိုတော်မူနေကြသည့် စာဖြေသံဃာတော်၊ သီလရှင်များ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေး ကျန်းမာရေးစောင့်ရှောက်မှုနှင့် လျှပ်စစ်မီးပျက်တောက်မှု မရှိစေရေး၊ ကျောင်းအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားမှုများအား ရှင်း လင်းလျှောက်ထားသည်။
ထို့နောက် ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အလှူငွေကျပ် ၂၇၄၅၄၀၅၀/- (ကျပ် နှစ်ရာခုနှစ်ဆယ်လေးသိန်းငါးသောင်းလေးထောင်ငါးဆယ် တိတိ) အား ဆက်ကပ်လှူဒါန်းပြီး သံဃာတော်၊ သီလရှင်များ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုများအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။ အဆိုပါ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင် မြို့နယ် ၂၀ မြို့နယ်တို့တွင် သံဃာတော်၊ သီလရှင် - ၄၅၂၇ ပါး ဖြေဆို လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)