လပွတ္တာ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းမြို့နယ်အဆင့် နည်းပြ(ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာကြီးဦးသန်းမောင်က သင်တန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။ ကျေးလက်ဒေသနေ ပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းမြို့နယ်အဆင့်နည်းပြ(ဆင့်ပွား)သင်တန်းကိုလပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၁၀၇)ဦးတက်ရောက် သင်ကြားပြီး (၅.၄.၂၀၂၄) ရက်နေ့မှ (၇.၄..၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
မူမူ(ပြန်/ဆက်)