အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေး ဟောပြောပွဲအခမ်းအနားအား ယနေ့နံနက် (၁၀) နာရီ အချိန်က တပ်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်ရေကြည်မြို့နယ်တွင်ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်းမြို့နယ်အဆင့် (ဆင့်ပွား) နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် (၉) နာရီအချိန်ကတေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဒုတိယအကြိမ်တပ်ဆင့် ရှင်းလင်းဆွေးနွေးပွဲကို ဧပြီ လ ၅ ရက်နေ့ နံနက် ၉ နာရီ က စစ်ကိုင်းတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 05,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုး တက်စေရေးအတွက် Never Stop Learning Campaing(2024) စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန တွင် ရန်ကုန်ဘဆွေ ရေးသားထားသည့်  သေသော်မတည့် ‌ဪကောင်း၏ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Apr 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲတောင့်ရှည် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့နယ်မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျော်သူ၊ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယွန်းရွှေရည်မြင့်နှင့် သင်တန်းသား၊ သင်တန်းသူများကို တက်ရောက်ကြသည်။
Apr 05,2024
၁၃၈၅ (၂၀၂၄) ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယနေ့မွန်းတည့်(၁၂)နာရီမှ စတင်၍ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း ၊ ဧရာဝတီခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီခွဲက ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေး၊ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေရေးအတွက် ‌ဆောင်ရွက်ခဲ့သော မြစိမ်းရောင်ကျေးရွာစီမံကိန်းများအား သုံးသပ်ဆွေးနွေးသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။