ဝမ်းတွင်း ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ရာသီအစားအစာ တစ်ခုဖြစ်သော သခွားမွှေးများ ထွက်ရှိချိန် ဈေးကောင်းရရှိ၍ တောင်သူများ တွက်ခြေကိုက်ကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်သည် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးတွင် တည်ရှိသော မြို့နယ် တစ်ခုဖြစ်ပြီး စက်ယက္ကန်းလုပ်ငန်းအပြင် တောင်သူလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး တန်ပေါင်း-တန်ခူးတွင် ဖရဲ၊ သခွားမွှေး စသည့် သီးနှံများ ထွက်ရှိသည်။ ယခင်နှစ်ကဆိုရင် သခွားမွှေးပေါ်ချိန် ခေါင်သီး(အသီးလှ)တစ်လုံးမှ ကျပ်(၂၀၀၀)ထိသာ ရရှိခဲ့ကာ၊ ယခုနှစ်တွင် သခွားမွှေးပေါ်ချိန်တွင် (၁)လုံးလျှင် ကျပ်(၁၅၀၀)ကနေ (၃၀၀၀)ကျပ်ရှိ ဈေးရ၍ စိုက်ပျိုးသူတောင်သူများ တွက်ခြေကိုက်ကာ အဆင်ပြေလျက်ရှိကြောင်း သခွားမွှေး စိုက်ပျိုးရောင်းချသူ ဦးဝေလွင်ထံမှ သိရသည်။
ရဲမျိုးသက်