ပေါင်းတည် ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့သော သီးထပ်သီးနှံ မတ်ပဲများကို ၂၀၂၄ ခုနှစ်၊ မတ်လပိုင်းတွင် ရိတ်သိမ်းခဲ့ကြရာ တစ်ဧကပျှမ်းမျှ တင်း ၂၀ ဝန်းကျင်ထွက်ရှိခဲ့ကြကြောင်းနှင့် ယခုလတ်တလောတွင် ဒေသပေါက်စျေး တစ်တင်းလျှင် ကျပ် ၉၆၀၀၀ စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိ၍ မတ်ပဲစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် မြို့နယ်အတွင်း၌ မတ်ပဲစိုက်ဧက လေးသောင်းခန့်စိုက်ပျိုးခဲ့ကြပြီး
ယခင်နှစ်ထက် ပဲအထွက်နှုန်းကောင်းခဲ့ကြောင်း၊ ပဲဦးပေါ်ချိန်က တစ်တင်းလျှင် ကျပ်တစ်သိန်းကျော် စျေးနှုန်းဖြစ်ပေါ်ခဲ့မှုကြောင့် စျေးကောင်းရခဲ့သည့် တောင်သူများလည်းရှိကြောင်း ပဲစိုက်တောင်သူများထံမှ သိရသည်။
တောင်သူများအနေဖြင့် မတ်ပဲသီးနှံ တစ်ဧက စိုက်ပျိုးထုတ်လုပ်ရန် ကုန်ကျစရိတ် ၅ သိန်းခန့် ရှိခဲ့ကြောင်းနှင့် မတ်ပဲအဝယ်ဒိုင်များမှ ယခုလတ်လော ဝယ်ယူနေသော စျေးနှုန်းမှာ ကောင်းမွန်မှုကြောင့် တောင်သူများ အကျိုးအမြတ်ရရှိလျက်ရှိကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)