အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာတွင် ဆရာတော်/သံဃာတော်များ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အခြေခံဗုဒ္ဓတရားတော်များကို သိရှိပြီး ယဉ်ကျေးလိမ္မာမှု ရှိစေရန်အတွက် ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းဆင်းပွဲကို ယမန်နေ့က ကွမ်တာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
Apr 05,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသားလူငယ်များ အကျိုးရှိစေရန် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ဧပြီ ၄ရက် နံနက် ၉နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သတိပြုလိုက်နာရှောင်ကြဉ်ရမည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ပြုစုထုတ်ဝေသည့် အပူဒဏ်အန္တရာယ် အသိပညာပေး လက်ကမ်းစာ‌စောင်များကို ယနေ့နံနတ် ၇ နာရီခွဲ အချိန်ခန့်က ရွှေသာယာမြို့မစျေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် သဟာယတင်းနစ်ကလပ်တို့ ပူး‌ပေါင်း၍ နွေရာသီတင်းနစ်အခြေခံသင်တန်း သင်တန်းဆင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်း အနားကို ယမန်နေ့ နံနက် (၈) နာရီအချိန်က မအူပင်မြို့တင်းနစ်ကွင်းအတွင်း ကျင်းပသည်။
Apr 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ကျုံး) ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျုံး) ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဒေသအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ကျောင်းဆရာ/ဆရာမများ၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
Apr 05,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Apr 05,2024
ဗုဒ္ဓသာသနာ‌တော်ထွန်းကားပြန့်ပွား‌ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သာသနာရေးဦးစီးဌာနမှ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲအား စာစစ်ဌာနအသီးသီးတွင် ကျင်းပဖြေဆိုလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲအား ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့လယ်သာသနာ့ ဗိမာန်တော်ကြီး စာစစ်ဌာန၌ ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။