ပန်းတနော် ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) မြတ်ပညာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်စီစီက သင်တန်းလမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းနည်းပြဆရာ/ မများအား မနီလေးပြုံးနိုင်ပြီ အသိပညာပေး Video ဖြင့် တင်ဆက်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆွေးနွေးပွဲကို ဧပြီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကြီးကြပ်(၉)ဦး၊ သင်တန်းနည်းပြများဖြစ်သည့် ဆရာ/ မ (၈၁)ဦး၊ တက္ကသိုလ်မှ Tutor(၁)ဦးနှင့် ကျောင်းသား (၃)ဦး စုစုပေါင်း (၈၅)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)