အမြို့မြို့အနယ်နယ်သတင်းများ

Apr 08,2024
မန္တလေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်းသင်းဝေ၊ စည်ပင်သာယာရေးဝန်ကြီး ဦးးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းအတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၅၀ ဦး ခန့် တက်ရောက်ကြသည်။
Apr 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ လှူဒါန်းလျက်ရှိသည့်  (၂၆) ကြိမ်မြောက် တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်​နေ့ နံနက်၉နာရီက ဝမ်လုံးကျေးရွာအုပ်စု၊ ပါညုကျေးရွာ ဘုန်းကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Apr 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ (၁၉)ကြိမ်မြောက် မဟာစည်သတိပဋ္ဌာန်ဝိပဿနာအလုပ်ပေး မဟာသင်္ကြန်ကာလ (၁၀)ရက်တာ တရားစခန်းကို ရေဖြူမြို့၊ (ခ)ရပ်ကွက်၊ ဓမ္မမာမကကျောင်းတိုက်၌ ဧပြီလ (၇)ရက်နေ့(၁၇)ရက်နေ့အထိ ဖွင့်လှစ်‌နေကြောင်း သိရသည်။
Apr 08,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများ စိုက်ပျိုးဆောင်ရွက်ခဲ့ကြသည့် ဆောင်သီးနှံပဲကြီးများ ဈေးကောင်းရရှိပြီး မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
Apr 08,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးအကြို သင်္ကြန်ဖလား ‌ဂေါက်သီး ရိုက်ပြိုင်ပွဲကို မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ မြစ်ကြီးနားဂေါက်ကလပ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဧပြီလ ၆ ရက်နေ့ နံနက် ၇ နာရီ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။
Apr 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံကိန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Apr 08,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်တန်းကို တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှင်အပါး (၅၀၀၀)ရှင်ပြုမင်္ဂလာအခမ်းအနား၌ သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခံရသည့် ရှင်သာမဏေများ သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။
Apr 08,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့မွန်းတည့် ၁၂နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ (ပထမကြီး၊ ပထမလတ်)တန်းများ ဆက်လက်ဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။