အမြို့မြို့အနယ်နယ်သတင်းများ

Apr 08,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်ဆွေးနွေးပွဲကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Apr 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေရာသီ၌ နွေစပါးကို မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြုပြီးစိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Apr 08,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ညောင်ဦးမြို့နယ် တောင်ဘီကျေးရွာအနီး မြို့နယ်လုံးဆိုင်ရာ ဇမ္ဗုဒီပဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
Apr 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း နိုင်ငံ့စီးပွားဖြင့်တင်ရေး ရန်ပုံငွေမှ MSME လုပ်ငန်းအနေဖြင့် ဆီစက်လုပ်ငန်းများ ချေးငွေရရှိမှုနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများသည် ယမန်နေ့၊ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်အတွင်းရှိ ဆီစက်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Apr 08,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ဖိတ်ခေါ်၍ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်/လူရွယ်များဖြစ်လာစေရန် ကလေးသူငယ်အခွင့် အရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဟောပြောဆွေးနွေးပွဲကို ယနေ့ နံနက်(၇)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲများကို မတ်လ ၂၈ ရက်မှ စ၍ စကားလှဘုန်း‌တော်ကြီးကျောင်း၊ မြို့မဓမ္မာရုံစာဖြေဌာန တွင် ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။