အမြို့မြို့အနယ်နယ်သတင်းများ

Apr 08,2024
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းက ကြီးမှုးကျင်းပသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အိမ်ခြံမြေအခြေခံပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ တာလော့ရပ်ကွက် Happy Restaurant တွင် ယနေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Apr 08,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ဧပြီ ၈ ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက် အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများနေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၆၇၃၂၆)ဦးထိ ဇီဝဆိုင်ရာအချက် အလက်ကောက်ယူစိစစ်ပြီးကြောင်း သိရသည်။
Apr 08,2024
၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဦးဆောင်ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့နေ့လယ် ၁၂ နာရီက ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး စာစစ်ဌာနတွင် ဖြေဆိုတော်မူလျက်ရှိရာ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား ဗိုလ်မင်းရောင်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင်ပြည်သူများ စုပေါင်း၍ နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
Apr 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၁၃၈၅ - ခုနှစ် မှ ၁၃၈၆ - ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
Apr 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့်‌ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 08,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကန်ကြီးထောင့်မြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္တုငွေများ လောင်းလှူပူဇော်ပွဲအား ယမန်နေ့ နံနက် (၈)နာရီအချိန်က အမှတ် (၁)ရပ်ကွက်၊ လောကမှန်ကူဘုရားဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 08,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်ချောက်မြို့နယ်တွင် ဗိဿနိုးဒေသရှိ ရွှေရောင်တော်ဘုရား၌ ကျင်းပပြုလုပ်သည့် ရှင်အပါး(၅၀၀၀)ရှင်ပြု အလှူတော်မင်္ဂလာမှ ပြန်လည်ရောက်ရှိလာသည့် ချောက်မြို့မှ ရှင်သာမဏေ ရှင်အပါး(၂၅၀)အား ယနေ့နံနက်ပိုင်းတွင် အေးစေတီဘုရားကုန်းနှင့် စလင်းကျောင်းတိုက်တို့တွင် ဝေပုလ္လအာရုဏ်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Apr 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။