ရေဖြူ၌ (၁၉)ကြိမ်မြောက် မဟာသင်္ကြန်ကာလ မဟာစည်ဝိပဿနာ (၁၀)ရက်တာ တရားစခန်းဖွင့်လှစ်

ရေဖြူ ဧပြီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ (၁၉)ကြိမ်မြောက် မဟာစည်သတိပဋ္ဌာန်ဝိပဿနာအလုပ်ပေး မဟာသင်္ကြန်ကာလ (၁၀)ရက်တာ တရားစခန်းကို ရေဖြူမြို့၊ (ခ)ရပ်ကွက်၊ ဓမ္မမာမကကျောင်းတိုက်၌ ဧပြီလ (၇)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဖွင့်လှစ်‌နေကြောင်း သိရသည်။

နှစ်စဉ်မဟာသင်္ကြန်ကာလ တရားစခန်းများဖွင့်လှစ်ခဲ့သော်လည်း ယခင်ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုအခြေအနေများကြောင့် တရားစခန်းများဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပေ။

ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပြီးကြပြီး ကူးစက်မှုလျော့နည်းလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါလမ်းညွှန်ချက်နှင့်အညီ တရားစခန်းကို ဖွင့်လှစ်ကြောင်း၊ ရဟန်း(၁၂)ပါး၊ သာမ‌ဏေ(၁၀)ပါး၊ အမျိုးသားယောဂီ(၃၃)ဦး၊ အမျိုးသမီးယောဂီ (၇၇)ဦး စုစုပေါင်း(၁၂၂)ဦး၊ နေ့စဉ်တရားလာအားထုတ်သူအပေါင်းကို နေ့ဆွမ်းအာဟာရနှင့် အချိုရည်များ ကပ်လှူကြောင်း သိရသည်။

ခတ္တာ (ရေဖြူ)