ငါန်းဇွန် ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့မွန်းတည့် ၁၂နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ (ပထမကြီး၊ ပထမလတ်)တန်းများ ဆက်လက်ဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ဖြေဆိုကြရာ အကြီးတန်း၌ စာရင်းရှိ (၁၀)၊ ဖြေဆို(၈)၊ ပျက်ကွက်(၂)သည် ပဌာန်းကုသလတိက်ဘာသာနှင့် ပထမလတ်တန်း၌ စာရင်းရှိ(၁၁)၊ ဖြေဆို(၁၁)သည် ဘာသာပြန်ဘာသာကို ဖြေဆိုတော်မူကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ရက်နေ့မှ ၉ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီ အထိ ကျင်းပလျက်ရှိပြီး မြို့နယ်သံဃာ့နာယကဆရာတော်များ၏ကြီးကြပ်မှုဖြင့် ဖြေဆိုသံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့် သီလရှင်ဆရာလေးများအတွက် စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှုမရှိစေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)