မိုင်းယောင်း ဧပြီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံကိန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြား၍ တက်ရောက်လာသည့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များက ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ်အတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ကုမ္မဏီများအပေါ် အမှတ်ပေးတည်းဖြတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး လိုအပ်ချက်၊ တင်ပြချက်များနှင့်ပတ်သက်၍ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖြည့်စွက်ပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်