အမြို့မြို့အနယ်နယ်သတင်းများ

Apr 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ၂၀၁၀ ပြည့်နှစ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဧပြီလ ၆ ရက်နေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ယခင်နှစ်က စိုက်ပျိုးထားသည့် ကြံများ အထွက်နှုန်းကောင်းမွန်၍ ကြံစိုက်တောင်သူများ စီးပွားဖြစ်ထွန်းကြောင်း သိရသည်။
Apr 08,2024
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီ(၇)ရက်နံနက်(၉)ရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကျိုင်းလပ်ရှိ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုမြှင့်တင်ရေးနှင့် နယ်စပ်ဒေသကုန်သွယ်မှုချောမွေ့စေရေး မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရေးတံတားအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် တပ်ရင်းတပ်ဖွဲ့ များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအနေဖြင့် စုပေါင်းသန့်ရှင်းရေး အပတ်စဉ် စနေ့နေ့တိုင်း ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်း၌ သန်းရှင်းရေးစုပေါင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံ၌ ဧပြီလ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အစိုးရပါဠိပထမပြန်စာမေးပွဲ စတုတ္တနေ့ဆက်လက်ကျင်းပလျက်ရှိသည်။
Apr 08,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်သူများ စာအုပ်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို စာပေချစ်မြတ်နိုးသူများထံ ယနေ့န့နက်ပိုင်းက ငှားရမ်းပေးခဲ့သည်။
Apr 08,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာအုပ်စုရှိ တောင်သူ ဦးညွန့်တင်၏ စပါးနှစ်ဧကစိုက်ခင်းတွင် နွေစပါးသီးနှံကို ခေတ်မီမျိုးစေ့ချကိရိယာ (Seeder)ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ လမ်းညွှန်မှုများနှင့်အညီ စိုက်ပျိုးလျက်ရှိသည်။
Apr 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် မဟာသတိပဌာန် မိုးကုတ်ဝိပဿနာ (၅) ရက်တရားစခန်း သို့ဝင်ရောက်မည့် ယောဂီသူတော်စင်များအတွက် တစ်ရက်တာဆွမ်းအလှူငွေများ လှူဒါန်းခဲ့ရာသဖန်းကိုင်း ပရဟိတဆရာတော်မှ လက်ခံကာဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။