အမြို့မြို့အနယ်နယ်သတင်းများ

Apr 14,2024
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ ယမန်နေ့တွင် မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
Apr 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအုပ်စု၊ ပုရွက်ဆိတ် ကုန်းကျေးရွာ၌ မဟာသင်္ကြန်အကြိုနေ့ ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာလူငယ်အဖွဲ့မှ ကြီးမှူး၍ ဆဋ္ဌမအကြိမ်မြောက် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးဆွေ၊ ကျေးရွာရပ်မိရပ်ဖများ၊ သက်ကြီးဘိုးဘွားများ၊ ကျေးရွာ​ပြည်သူများ၊ ကျေးရွာဝတ်ရွတ်အသင်းနှင့် ကျေးရွာလူငယ်များ တက်ရောက်ကြသည်။
Apr 14,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈:၃၀) အချိန်က ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ စုစုပေါင်း (၁၇၀) ဦးတက်ရောက်ကြပြီး ပြည်သူများ စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ရေကစား လျက်ရှိကြောင်း သိရသည်။
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ရိုးရာယဥ်ကျေးမှုဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီ၌ ရန်ကုန်-ပုသိမ်လမ်းနှင့် ကနောင်မင်းသားကြီးလမ်းထောင့်၊ စက်မှုဇုန်မီးပွိုင့်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားကို ကျုံပျော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ဧပြီ ၁၃ ရက် ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်သည်။
Apr 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီ(၁၃)ရက် ညနေ (၅) နာရီက ရန်ကုန်-မန္တလေးကားလမ်း ဒေါ်သိုက်ကြီးကွေ့ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ယိမ်းအကအလှအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၁၃၈၅ ခုနှစ် (ခရစ်နှစ် ၂၀၂၄) ခုနှစ် အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြို့မရပ်ကွက်၊ပဲခူး-ရန်ကုန်လမ်းမကြီးပေါ်၌ ကျင်းပကြောင်း သိရသည်။
Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီကအမှတ် (၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် (၁၀) ဖြတ်လမ်းထိပ်ရှိ ဗဟိုမဏ္ဍပ်၌ အေးချမ်းသာယာစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။