လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ရိုးရာယဥ်ကျေးမှုဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီ၌ ရန်ကုန်-ပုသိမ်လမ်းနှင့် ကနောင်မင်းသားကြီးလမ်းထောင့်၊ စက်မှုဇုန်မီးပွိုင့်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားမဏ္ဍပ်ဖွင့်ပွဲတွင် “မြူမှောင်ဝေကင်း”အဖွင့်သီချင်းဖြင့် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ဝင်များ ကပြဖျော်ဖြေ၍ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မြတ်စိုးက နှစ်သစ်ဦးအဖွင့်အမှာစကားပြောကြာပြီး ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်တို့က မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သပြေခက်နှင့် အတာရေပက်ဖျန်းကာ ဖွင့်ပွဲကို အောင်မြင်စွာရုပ်သိမ်းကြပြီး ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များမှ ပြိုင်ပွဲဝင်သင်္ကြန်တေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေ ပြိုင်ပွဲဝင်ကြကြောင်း သိရသည်။

ထို့နောက် အဆိုတော်များမှ သင်္ကြန်တေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေလျက်ရှိပြီး အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ပြီး မဟာသင်္ကြန်အကြိုနေ့၌ ဏ္ဍပ်တွင် ပြည်သူများအေးချမ်းစွာ ရေကစားလျက်ရှိပါကြောင်း သိရသည်။

ခင်၀င်းမူ