ကျုံပျော်တွင် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပပြုလုပ်

ကျုံပျော် ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ကျုံပျော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ဧပြီ ၁၃ ရက် ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရန်နိုင်ဝင်းက အတာသင်္ကြန်ပွဲတော် ဆင်ယင်ကျင်းပခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာ စကား ပြောကြားပြီး၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရန်နိုင်ဝင်း၊ ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်တို့က ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ယိမ်းအက အဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) နှင့် တာဝန်ရှိသူများက ယိမ်းအကအဖွဲ့များအား အမွှေးနံ့သာရည်များဖြင့် လိုက်လံပက်ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍ စတိတ်ရှိုးတေးဂီတဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းဖြင့်ကပြ ဖျော်ဖြေခြင်း၊ ရေကစားခြင်းတို့ဖြင့် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအား ပျော်ရွှင်စွာဆင်နွဲခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)