အမြို့မြို့အနယ်နယ်သတင်းများ

Apr 14,2024
၁၃၈၅ ခုနှစ်၊ (၂၀၂၄ ခုနှစ်) မြန်မာရိုးရာအတာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းရှိ ဗဟို မဏ္ဍပ်တွင် ယမန်နေ့ ညနေ ၄ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်း(၃း၃၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစား မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းမှ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြော ကြားပြီး မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ရေကစားမဏ္ဍပ်အား ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ အဖွဲ့‌ဝင်(၂) ဒေါက်တာရွှေပြည်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လှပျိုဖြူများက "မန်းတောင်ရိပ်ခို" သီချင်းဖြင့် ကပြဖျော်ဖြေကာ တာဝန်ရှိသူများအား သပြေခက်ဖြင့်‌ အတာရေ‌အေးပက်ဖျန်း၍ ပျော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာမဟာ သင်္ကြန်ကို ကြိုဆိုခဲ့ကြသည်။
Apr 14,2024
မြန်မာတို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံနှင့်တဝန်း ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌လည်း ယခုနှစ် ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပြီး သင်္ကြန်အကြိုနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် တန်ခူးလဆန်း(၅)ရက်နေ့ ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရန်ကင်းပိ​​တောက်ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့ရှိ ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်၌ ကျင်းပခဲ့သည်။
Apr 14,2024
စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅ ခုနှစ်၊ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟို မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် ဇနီး၊ တိုင်းဒေသကြီး တရာသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ ယိမ်း အကအဖွဲ့များနှင့် မြို့နေပြည်သူများ တက်ရောက်ကြသည်။
Apr 14,2024
စစ်ကိုင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီက ဧရာဝတီကမ်းနားလမ်း(ဆက်သွယ်ရေးတာဝါတိုင်အနီး) မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများ၌ မဟာသင်္ကြန် နှစ်ကူးကာလတွင် သင်္ကြန်အကြိုနေ့ နံနက်(၈)နာရီခွဲမှစတင်ကာ ပြည်သူများအေးချမ်းစွာဖြင့် ဥပုသ်သီလ ခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်း သိရသည်။