ကျိုက်လတ်မြို့နယ်တွင် ၁၃၈၅ ခုနှစ်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကျိုက်လတ် ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီကအမှတ် (၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် (၁၀) ဖြတ်လမ်းထိပ်ရှိ ဗဟိုမဏ္ဍပ်၌ အေးချမ်းသာယာစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်း‌အောင်ကအဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင်များ ပက်ဖြန်းခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသော ဧည့်သည်တော်များအား ယိမ်းအဖွဲ့များက ဧည့်ခံဖျော်ဖြေခဲ့ကြပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)