Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နှစ်သစ်ကူးရုံးပိတ်ရက် မဟာသင်္ကြန်အကြိုနေ့တွင် ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူများ စည်ကားများပြားလျက်ရှိ
Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ နှစ်သစ်ကူးရုံးပိတ်ရက်တွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိပြီး ချောင်းသာကမ်းခြေတွင် ယမန်နေ့ မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းက အပန်းဖြေသူများဖြင့် စည်ကားများပြားနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား စည်ကားစွာကျင်းပ
Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့် စည်ပင်အမှုဆောင်အရာရှိ ဦးကျော်စွာလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 14,2024
မော်လိုက်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ဗိုလ်ချူပ်ကျောက်တိုင်ရှေ့ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်လှစ်
Apr 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၏ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် မဟာသင်္ကြန်မဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ ယမန်နေ့ ညနေ(၄)နာရီက အဆိုပါမဏ္ဍပ်၌ ဖွင့်လှစ်ခဲ့ကြပြီး သပြေခက်နှင့် အတာရေစင်သွန်းလောင်းပက်ဖျန်း၍ မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စတင်ဆင်နွဲခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 14,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ရွှေစည်းခုံဘုရားကြီးအနီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအနီး ဗိုလ်ချုပ်ပန်းခြံရှေ့တွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် ပိတောက်ရွှေဝါရေကစားမဏ္ဍ့ပ်ဖွင့်ပွဲကျင်းပ
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသကြန်ပွဲတော် ပိတောက်ရွှေဝါရေ ကစားမဏ္ဍ့ပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီအချိန်က ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ အဆိုပါ မဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့၌ မဟာသင်္ကြန်အကြိုနေ့ တန်ခိုးကြီးဘုရားများ၌ ရေသပ္ပါယ်ကောင်းမှုကုသိုလ်ပြု သူများဖြင့်စည်ကား
Apr 14,2024
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းမှစတင်၍ တောင်ကုတ်မြို့ပေါ်ရှိ စေတီဘုရားပုထိုးများတွင် ရိုးရာမပျက်ရေသပ္ပါယ် ကာကောင်းမှုကုသိုလ် ပြုလုပ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် “ရွှေသာစည်” ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ
Apr 14,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် “ရွှေသာစည်” ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အကြိုနေ့ ညနေ ၄ နာရီက သာစည်မြို့ စည်ပင်သာယာပန်းခြံရှေ့ မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး အဆိုပါမဏ္ဍပ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5001
Page
5002
Page
5003
Page
5004
Current page
5005
Page
5006
Page
5007
Page
5008
Page
5009
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department