ကျောက်ဆည် ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီ(၁၃)ရက် ညနေ (၅) နာရီက ရန်ကုန်-မန္တလေးကားလမ်း ဒေါ်သိုက်ကြီးကွေ့ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာကျောက်ဆည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ယိမ်းအကအလှအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကောင်းမွန်သောအလေ့အကျင့်များနှင့် နှစ်သစ်ကိုကြိုဆိုကြရမည်ဖြစ်ကြောင်း၊ အနှစ်သာရပြည့်ဝစွာ မဟာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ရာ ကျောက်ဆည်မြို့၏ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြစေလိုကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မဟာသင်္ကြန် ရေသဘင်ပွဲတော်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ အဖွဲ့ဝင်(၂) ဦးအောင်သူ၊ အတွင်းရေးမှူးဒုရဲမှူးကြီးရွှေဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးသွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သွားမည့် ယိမ်းအကအဖွဲ့များမှ ပြည်သူများနှင့်အတူ “မြူမှောင်ဝေကင်း” သင်္ကြန်တေးသီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နှစ်သစ်ကူးမဟာသင်္ကြန်အား ကြိုဆိုသည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး အမွှေးနံ့သာအတာရေများ ပျော်ရွှင်ကြည်နူးစွာ ပက်ဖျန်းခဲ့ကြောင်နှင့် ကျောက်ဆည်မြို့၌ မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် မြန်မာ့ဆိုင်းအဖွဲ့၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ ဧည်ခံယိမ်းအဖွဲ့များ၊ ပြိုင်ပွဲဝင်ယိမ်းအကအဖွဲ့များ၊ တေးသံရှင်များနှင့်အတူ ဧည်ခံကပြဖျော်ဖြေသွားကြမည်ဖြစ်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)