Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မာန်အောင်မြို့တွင် မဟာသင်္ကြန်အကြိုနေ့ တန်ခိုးကြီး ဘုရားများ ၌ ရေသပ္ပါယ် ကောင်းမှုကုသိုလ်ပြုသူများ နှင့်စည်ကားလျက်ရှိ
Apr 14,2024
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့ ဧပြီလ၁၃ရက်နေ့ ညနေပိုင်းတွင်မာန်အောင်မြို့ပေါ်ရပ်ကွက်ရှိ စေတီဘုရားပုထိုးများတွင် ရိုးရာမပျက်ရေသပ္ပါယ်ကာ ကောင်းမှုကုသိုလ်ပြုလုပ်သူများနှင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်း၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ဖွင့်လှစ်
Apr 14,2024
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲက လက်ပံတန်းမြို့ ၁ လမ်းအဝိုင်း ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာ များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်၀န်ကြီးချုပ် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဖဲကြိုးဖြတ်ဖွင့်လှစ်
Apr 14,2024
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစပြီးမပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ယနေ့အတာသင်္ကြန်အကြိုနေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဗဟိုမဏ္ဍပ်၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲကျင်းပ
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ၁၃၈၅ ခုနှစ် (ခရစ်နှစ် ၂၀၂၄) ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ် ကူးသင်္ကြန်ပွဲတော်ရေကစား မဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီ အချိန်က ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 14,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်း (၄) နာရီ အချိန်က မြို့နယ်ရှိဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပန်းခြံရှေ့လမ်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့-အောင်မင်္ဂလာဈေး (၂) အတွင်း သင်္ကြန်အကြိုနေ့၌ အတာအိုးနှင့် အတာပန်းရောင်းသူ/ဝယ်သူများဖြင့်စည်ကား
Apr 14,2024
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် ဈေးလမ်းရှိ အောင်မင်္ဂလာဈေး (၂) ဈေး အရှေ့နှင့် ဈေးတွင်းနေရာများတွင် မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန် အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့ နံနက်၆နာရီမှစ၍ သင်္ကြန်ပန်း၊ အတာအိုး/အတာပန်း၊ တံခွန်ကုက္ကားများနှင့် ရေပန်းပစ္စည်းများကို ရောင်းသူ/ဝယ်သူများဖြင့် စည်ကားလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကြီးမှူး၍ ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ စစ်တွေမြို့၌ကျင်းပ
Apr 14,2024
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမနှင့် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတို့၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နံ့သာသွေးအဖွဲ့များနှင့် ယိမ်းအကအဖွဲ့များတက်ရောက် ကြသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ နဝမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ (၅) ရက်တရားစခန်းဖွင့်လှစ်
Apr 14,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်သဖန်းကိုင်းပရဟိတအကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာ၌ နဝမအကြိမ်မြောက် မဟာသတိပဌာန်မိုးကုတ်ဝိပဿနာ (၅) ရက်တရားစခန်းကို ယမန်နေ့ညနေပိုင်းကဖွင့်လှစ်ခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5007
Page
5008
Page
5009
Page
5010
Current page
5011
Page
5012
Page
5013
Page
5014
Page
5015
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department