Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ထားဝယ်မြို့ ကိုဗစ်စင်တာများအတွက် PPE ဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း
Aug 08,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် ပိုးတွေ့လူနာကုသရေးစင်တာတွင် PPEဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများ၊ စားသောက်ဖွယ်ရာများထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအသုတ်ထိုးနှံခြင်းကို ဒုတိယနေ့ ဆက်လက်ထိုးနှံပေး
Aug 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအသုတ်ကို ဆေးထိုးရန်ကျန်ရှိသည့် အသက်(၆၅) နှစ်အထက် ဘိုးဘွားများနှင့် ဦးစားပေးတွင်ပါရှိသူများအား ထိုးနှံပေးလျက်ရှိရာ ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းအချိန်ခန့်က မြို့နယ်မိုးလုံလေလုံအားကစားရုံစုရပ်၌ ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအသုတ် ဆက်လက်ထိုးနှံပေး
Aug 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံရန် ကျန်ရှိသူ (၁၇၆၂)ဦးအား ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် ပြည်သူ့ဆေးရုံ တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဦးစားပေးအနေဖြင့် အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေ အထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Aug 08,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁၄၉)ဦးအား ထောက်ပံ့ငွေများ ပေးအပ်
Aug 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား များ အား နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ယနေ့နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့ ရာဖူးကျေးရွာအုပ်စုတွင် (၆၅)နှစ် နှင့် အထက်သက်ကြီးဘိုးဘွားများနှင့် ဦးစားပေး အဆင့် တွင် ပါဝင်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ဒုတိယ)နေ့ဆက်လက်ထိ…
Aug 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် ကျန်ရှိသူများကို ဦးစာပေးအဆင့်အလိုက်ကာကွယ်ဆေး(ဒုတိယ)နေ့ ဆက်လက် ထိုးနှံ ပေးခြင်းကို ယမန်နေ့၊ နံနက်(၉) နာရီအချိန်က အ-ထ-က-ရာဖူးကျောင်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ
Aug 08,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံတွင် သံဃာတော်များ၊ အသက်(၆၅) နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ထိုးနှံပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုတွင် အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများနှင့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Aug 08,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုတွင် ကာကွယ်ဆေး မထိုးနှံရသေးသော သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်(၈)နာရီ အချိန်က ပြည်ခြားကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်း ဓမ္မာရုံ၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26210
Page
26211
Page
26212
Page
26213
Current page
26214
Page
26215
Page
26216
Page
26217
Page
26218
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department