အမြို့မြို့အနယ်နယ်သတင်းများ

Apr 27,2024
“မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝ ကာကွယ်ကြ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး အမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန်နှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို၏ စီစဉ်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းခန်းမဆောင်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Apr 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့ပေးအပ်သော (၃)လစာ ဆန်ရိက္ခာ ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 27,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ သစ်တောနှင့် ဇီဝမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Apr 27,2024
၂၀၂၄ ခုနှစ်၊ မေလ(၁)ရက်နေ့တွင်ကျရောက်မည့် အလုပ်သမားနေ့အထိမ်းအမှတ် ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်ပစ္စည်းများ၊ ဒေသထွက်စားသောက်ကုန်များနှင့် MSME အသိပညာပေး Talk Show ကျင်းပပြုလုပ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြပွဲကျင်းပပြုလုပ်မည့် နေရာတွင် ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီက ဦးစီးကော်မတီအဖွဲ့ဝင်များနှင့် MSME လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
Apr 27,2024
ကရင်ပြည်နယ်၊ ဘားအံမြို့၌ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Apr 27,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော မြစိမ်းရောင်စီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း၊ ဆိုလာရေတင်လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့်စပ်လျဥ်း၍ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Apr 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ဒေသခံတောင်များအား မိုးဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် Mobile Phone အသုံးပြု၍ နည်းပညာရယူသုံးစွဲနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
Apr 27,2024
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝစဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဥ်းမြောင်းလာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းများကိုလည်းကောင်း၊  ပြည်ပမှစားသုံးဆီ တင်သွင်းမှုလျော့ချနိုင်စေရန်၊ ပြည်တွင်းစားသုံးဆီဖူလုံစေရန်၊  ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေ လုံလောက်စွာရရှိစေရန်နှင့် တောင်သူများဝင်ငွေတိုးပွားလာစေရန်အတွက်  ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။