Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လယ်ဝေးမြို့နယ်အတွင်း နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး
Apr 27,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာနှင့် မြွေရိုးလေးကျေးရွာ KC ခန်းမတို့တွင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လည်းကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သတ်၍ သက်ဆိုင်သူများအားလုံးပါဝင်သည့် မြို့နယ်အဆင့် သုံ…
Apr 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံဖြို့းတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းများနှင့်ပတ်သတ်၍ ဆောင်ရွက်ထားရှိပြီးသည်များနှင့်ပတ်သတ်၍ သက်ဆိုင်သူများအားလုံးပါဝင်သည့် မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီ က ရဲမွန်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Apr 27,2024
ကျိုက်လတ်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ကျိုက်လတ် ဧပြီ ၂၇ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယမန်နေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင် ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ် မီးသတ်ဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဉီးစီးဌာနနှင့် သက်ဆိုင်ရာဌာနများကစစ်ဆေးရာတွင် စက်သုံးဆီများရောင်းချမှု ရပ်တန့်မှုမရှိစေရေး၊ မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဆွေးနွေးမှာကြားခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လှိုင်မင်းအောင်
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ (၆)လမ်းအနီး၊ ဧကရာဇ်လမ်းသွယ်တွင် ဖုန်းအားသွင်းထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား
Apr 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ခေတ္တရာမြို့သစ်ရပ်ကွက်(၆)လမ်းအနီး၊ ဧကရာဇ်လမ်းသွယ်၌ ယမန်နေ့ည ၈ နာရီ ၅၀ မိနစ်က နေအိမ်တစ်လုံးတွင် ဖုန်းအားသွင်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ငွေများပေးအပ်
Apr 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဧပြီ ၂၅ ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု(၉)အုပ်စုမှ အမိုးလန်ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ အမိုးလန်နေအိမ် ၂၄၄ လုံးနှင့်ပြိုလဲနေအိမ် ၁၃ လုံးအတွက် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုးနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့၌ မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်
Apr 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ဧပြီလ(၂၄)ရက်နေ့ညနေပိုင်းက မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စုများအား ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း(၂၅)မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်းဖွင့်လှစ် သင်ကြားပေး
Apr 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဧပြီလ(၂၄)ရက်နေ့မှစ၍ သတင်းရေးသားနည်းသင်တန်းအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်ပြပွဲဆောင်ရွက်
Apr 27,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်ပြပွဲကို ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ (အ.ထ.က)ကျောင်း၌ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4953
Page
4954
Page
4955
Page
4956
Current page
4957
Page
4958
Page
4959
Page
4960
Page
4961
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department