Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြံခင်းမြို့နယ် ပေါက်နွယ်စမ်းအုပ်စု အေးမြသာယာကျေးရွာသို့ သောက်သုံးရေများလှူဒါန်း
Apr 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် နွေရာသီကာလရေတွင်း၊ ရေကန်များ၌ ရေများခန်းခြောက်လာပြီးဖြစ်သဖြင့် သောက်သုံးရေလိုအပ်သည့် ပေါက်နွယ်စမ်းအုပ်စု၊ အေးမြသာယာကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းက ဘက်ရဲမြို့ ဆေးဝါးရာဇာလူမှုကူညီရေးအသင်းက ရေဂါလန်(၁၆၀၀)သွားရောက်လှူဒါန်းပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(အိုဝမ်း)စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့်မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Apr 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ်စု၊ ရှားဇီးဘိုကျေးရွာ၊ ပုသိမ်-မုံရွာ ကားလမ်းမဘေးရှိ (အိုဝမ်း)စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးသင်တန်း healthy life style သင်ကြားမှုများဆောင်ရွက်
Apr 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျန်းမာရေးနှင့်ညီညွှတ်သော လူနေမှုပုံစံဖြင့် ပြုမှု၊ နေထိုင်၊ စားသောက်တတ်စေရန်ရည်ရွယ်၍ လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးသင်တန်းကို ယမန်နေ့ညနေ (၂) နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေး၊ ဇလွန်မြို့နယ်၊ ပြင်ရွာကျ…
Apr 27,2024
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယခုလ(၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့နယ်အတွင်းရှိ စာသင်ဝိုင်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် ခရိုင်/ မြို့နယ်များ၏ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ ကျင်းပ
Apr 27,2024
စစ်ကိုင်းခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်(ဧပြီလမှမတ်လအထိ)ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်မှုအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့၊ နံနက်(၁၀)နာရီက ခရိုင်စိုက်ပျိုးရေးရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Apr 27,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ပြည်သာယာမြောက်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ တစ်ဦးချင်းစွမ်းဆောင်ရည်မှ ထိရောက်သောအဖွဲ့အစည်းသို့ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Apr 27,2024
ခေါင်းဆောင်နှင့်လက်အောက်ငယ်သားတို့အကြား ပေါ်ပေါက်တတ်သည့် အဆင်မပြေမှုများ၊ ခေါင်းဆောင်မှုပုံစံနှင့်အဖွဲ့အစည်း၏ အောင်မြင်မှုတို့ဆက်စပ်နေမှုများကို ပိုမိုသိရှိစေရန်ရည်ရွယ် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ၂၀၂၁ ခုနှစ်ထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၄၈)၊အမှတ်(၁၂)စာအုပ်မှ အောင်မြတ်စည်သူရေးသားသည့် တစ်ဦးချင်းစွမ်းဆောင်ရည်မှ ထိရောက်သော အဖွဲ့အစည်းသို့ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့နှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရေ…
Apr 27,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနိုများနှင့် စားသောက်ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4956
Page
4957
Page
4958
Page
4959
Current page
4960
Page
4961
Page
4962
Page
4963
Page
4964
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department