ကျောက်ဆည် ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့ပေးအပ်သော (၃)လစာ ဆန်ရိက္ခာ ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာ ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းများနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ဆန်ရိက္ခာ များကို ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းနှင့်အတူ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာပြည်သူ (၆၀) ဦးအား တစ်ဦးလျှင် ဆန်(၂၂)ပြည်၊ နို့ဆီဘူး (၅) ဘူးနှုန်းဖြင့် စုစုပေါင်းဆန် (၅၆)အိတ်၊(၆)ပြည်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် သရက်ပင်ကျေးရွာအုပ်စုတွင် တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာပြည်သူ(၂၈)ဦး၊ ပတ္တာကျေးရွာအုပ်စုတွင်(၁၃)ဦး၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စုတွင် (၆)ဦး၊ ဘောဂဝတီ ရပ်ကွက်အုပ်စုတွင် (၁၃)ဦး စုစုပေါင်း(၆၀)ဦး ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)