ဘားအံ ဧပြီ ၂၇
ကရင်ပြည်နယ်၊ ဘားအံမြို့၌ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရကျော်က ခါကာဘိုရာဇီရေခဲတောင် ဇီဝမျိုးစုံမျိုးကွဲများအကြောင်း လေ့လာသုံးသပ်တင်ပြခြင်း၊ ဘားအံခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးပုမ်ဇဂင့်က သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဟောပြောမည့် အကြောင်းအရာများအား ရှင်းလင်းဟောပြောခြင်း၊ ဘားအံမြို့နယ်၊ သစ်တောဦးစီးဌာနဦးစီးအရာရှိဦးသန့်ဇင်ထွန်းက သစ်တောနှင့်ဇီဝမျိုးကွဲဆိုင်ရာ အသိပညာပေးခြင်းနှင့် သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျော့ချရေး အကြောင်းအရာများကိုလည်းကောင်း၊ ဘားအံခရိုင်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းဝင်းက သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါသစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ(၁၃၇)ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်