အမြို့မြို့အနယ်နယ်သတင်းများ

Apr 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြိုနယ်၊ အမှတ် (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ ပိတောက်လမ်း(ဘီ)တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးနှင့် ကြက်ခြေနီ(အခမဲ့) ဆေးခန်းအား ဖွင့်လှစ်ထားရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီအသင်းမှ Deputy Supervisor of the RCSC ဖြစ်သူ Mr. Zhang Xiaobin နှင့်အဖွဲ့ဝင်များက ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက လာရောက်လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
Apr 27,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
Apr 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၏ (၂၀၂၄-၂၀၂၅) ခု၊ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ဦးတည်ချက်များနှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် သက်ဆိုင်ရာဌာနဆိုင်ရာများအား ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
Apr 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဧပြီ​​(၁၆)ရက်နေ့ နံနက်(၉)နာရီမှ (၁၂ )နာရီထိ အပတ်စဥ်သောကြာနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 27,2024
၂ဝ၂၄ - ၂ဝ၂၅ ပညာသင်နှစ် “ပုဂ္ဂလိက ဆရာအတတ်ပညာ လက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့်) "အမှတ်စဉ် (၁ /၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
Apr 27,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
Apr 27,2024
ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊  စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 27,2024
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို  ဧပြီလ ၂၄ ရက်နေ့က မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ပြုလုပ်ခဲ့သည်။