ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ဒေသတွင်းထွက်ကုန်ပစ္စည်းများနှင့် ဒေသထွက်စားသောက်ကုန်များ ခင်းကျင်းပြသနိုင်ရေးနှင့် MSME အသိပညာပေး Talk Show ကျင်းပပြုလုပ်နိုင်ရေး ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၂၇

၂၀၂၄ ခုနှစ်၊ မေလ(၁)ရက်နေ့တွင်ကျရောက်မည့် အလုပ်သမားနေ့အထိမ်းအမှတ် ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်ပစ္စည်းများ၊ ဒေသထွက်စားသောက်ကုန်များနှင့် MSME အသိပညာပေး Talk Show ကျင်းပပြုလုပ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြပွဲကျင်းပပြုလုပ်မည့် နေရာတွင် ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီက ဦးစီးကော်မတီအဖွဲ့ဝင်များနှင့် MSME လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့သို့ ဆွေး‌နွေးရာတွင် ပြည်နယ်၏ ဒေသထွက်ကုန်များနှင့် ဒေသထွက်စားသောက်ကုန်များ ခင်းကျင်းပြသနိုင်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ဈေးကွက်အတွင်း အရည်အသွေးမြှင့်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များအားလုံးက ဝိုင်းဝန်းပူးပေါင်း၍ ကြိုးစားဆောင်ရွက်ကြရေး ဆွေးနွေးတိုက်တွန်းပြောကြားပြီး ဦးစီးကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များက ကျောင်းဝင်းအတွင်း ယာယီဆိုင်ခန်းများဖွင့်လှစ်၍ ခင်းကျင်းပြသသွား MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များခင်းကျင်းပြသသွားမည့် အသေးစိတ်အစီအစဉ်များနှင့် အများပြည်သူလွတ်လပ်စွာ ကြည့်ရှုအားပေးနိုင်ရေးအတွက် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပြပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်း ဒေသထွက် စိုက်ပျိုးသီးနှံများ၊ အသင့်စား စားသောက်ကုန်များ၊ စက္ကူဂျပ်ဖာနှင့် တိုင်းရင်းဆေးဝါးများ၊ ပယင်း၊ ကျောက်မျက်/ ကျောက်စိမ်းအချောထည်များ၊ သစ်သားပန်းပု၊ ဝါးလက်မှု အချောထည်များ၊ ရိုးရာအဝတ်အထည်များ ခင်းကျင်းပြသနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ MSME အသိပညာပေး Talk Show ကျင်းပသွားမည့် အစီအစဉ်များကို မေလ(၁)ရက်နေ့နှင့် (၂)ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်