အမြို့မြို့အနယ်နယ်သတင်းများ

Apr 29,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ ယဥ်ကျေးလိမ္မာစေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာစွမ်းရည်သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Apr 29,2024
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဧကာဒသမတန်း၊ လူရည်ချွန်စခန်း (ငွေဆောင်) သို့ ရောက်ရှိနေကြသော လူရည်ချွန်မောင်မယ်လေးများ၏ အနုပညာစွမ်းရည် ပြသနိုင်စေရန်နှင့် စိတ်အပန်းပြေစေရန်အတွက် လူရည်ချွန်မောင်မယ်များ ကိုယ်တိုင်ပါဝင်ဆင်နွှဲကြသော ညပိုင်းဖျော်ဖြေရေး အစီအစဥ်အား ယမန်နေ့ ည (၇) နာရီအချိန်က ယမုံနာဦး ဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ စခန်းချနေထိုင်မည့် ၂၀၂၄ ခုနှစ်၊ လူရည်ချွန်စခန်း (ချောင်းသာ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက (ယာယီ) စခန်းတည်ရှိရာ AZURA ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
Apr 29,2024
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်ခန်းမတွင် ယမန်နေ့ နေ့လယ်( ၁) နာရီခွဲက ငွေဆောင်လူရည်ချွန်စခန်း ရောက်ရှိနေသော (၂၀၂၄)ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ဟောင်းကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 29,2024
ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြဟေမာရပ်ကွက်၊ ကွမ်းခြံ (၂) လမ်း၌ (၂၆.၄.၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်နှစ်လုံး ပျက်စီးသွားခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုများအား မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဧပြီလ ၂၇ ရက်နေ့ ညနေ (၅) အချိန်က ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Apr 29,2024
နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၄) ရက်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ရာတွင် '' အဂ္ဂမဟာပဏ္ဍိတ '' ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူသော ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာရပ်ကွက် အောင်မော်စံစာသင်တိုက် ပဓာနမဟာနာယက နိုင်ငံတော်သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏ ( အဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ၊ ပရိယတ္တိသာသနာနုဂ္ဂဟဓမ္မာစရိယ) အရှင်သူမြတ်အား တပည့်သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများမှ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာမဂ်လာကို ယမန်နေ့နံနက်နံနက် (၈) နာရီက အဆိုပါ အောင်မော်စံစာသင်တိုက်၌ ဆင်ယင်ကျင်းပသည်။
Apr 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် သောက်သုံးရေများ လိုအပ်မှုမရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက် (၉) နာရီက အမှတ် (၁၇) ရပ်ကွက်သို့ ရေဂါလံ(၅၀၀၀) သွားရောက်လှူဒါန်း‌ပေးကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
Apr 29,2024
ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ အောင်မြေသာရပ်ရှိ ပုဂံလူရည်ချွန်စခန်း မုခ်ဦးရှေ့၌ ကျင်းပသည်။