အမြို့မြို့အနယ်နယ်သတင်းများ

May 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က တောင်ရပ်ကွက် မဏိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 08,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့၌ မေလ ၈ ရက်နေ့တွင် ကျရောက်သည့်  ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် လဲချားမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လဲချားမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
May 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းနှင့် ခြင်ပေါက်ဖွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်(Abate)ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍  ဟိုမိန်းမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ပေးခဲ့သည်။
May 08,2024
မိုးဦးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ အဘိတ်ဆေးခပ်ခြင်းကို ဌာနဆိုင်ရာအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
May 08,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက်က မြို့သစ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံဝင်းအတွင်း သံဃာတော်များဆေးကုသဆောင်၌ ဆောင်ရွက်ခဲ့သည်။
May 08,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် တွင်းကြီးကျေးရွာအုပ်စု၊ ဖလံပင်ကျေးရွာ ရေရရှိရေးကော်မတီဝင်များနှင့်အတူ နွေရာသီကာလ သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နိုင်ခြင်းရှိ/ မရှိအခြေအနေအား  ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
May 08,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် သုတ/ ရသစာအုပ်များ ဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာရောက်မဖတ်ရှုနိုင်သည့်  သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက် (၉) နာရီအချိန်က တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတောင်စေတီတော်မြတ်ကြီးတွင် ဖွင့်လှစ်ထားသည့် အပူရှောင်စခန်းသို့ သွားရောက်ပြီး  သုတ/ရသစာအုပ်စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။