လဲချားတွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

လဲချား မေ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့၌ မေလ ၈ ရက်နေ့တွင် ကျရောက်သည့်  ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် လဲချားမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လဲချားမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေက အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမျိုးဆွေက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်မှ ကမ္ဘာ့ကြက်ခြေနီအထိမ်းအမှတ်ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)