တောင်တွင်းကြီးမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး မေ ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် သုတ/ ရသစာအုပ်များ ဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာရောက်မဖတ်ရှုနိုင်သည့်  သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက် () နာရီအချိန်က တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတောင်စေတီတော်မြတ်ကြီးတွင် ဖွင့်လှစ်ထားသည့် အပူရှောင်စခန်းသို့ သွားရောက်ပြီး  သုတ/ရသစာအုပ်စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် အပူရှောင်စခန်းများ လာရောက်နားခိုအပူရှောင်ကြသည့် သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများကို သုတ/ ရသစာအုပ်အမျိုးအစား စုံလင်စွာဖြင့် နယ်လှည့်ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကာ ငှားရမ်းပြီးစာအုပ်များကို တပါတ်ပြည့်ပါက စာအုပ်များ ပြည်လည်အပ်နှံရေးနှင့် အသစ်ထပ်မံ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက်လည်း အပတ်စဥ် ကွင်းဆင်းဌားရမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)