အမြို့မြို့အနယ်နယ်သတင်းများ

May 07,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား  ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ​ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်အထိ  ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။ 
May 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အ.ထ.က(သနပ်ပင်)ကျောင်း၌ ၂၀၂၄ ခုနှစ်၊ နွေရာသီအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး သင်ကြားရေးဆရာမများနှင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။
May 07,2024
နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း ကျောင်းသူ/သားများအနေဖြင့် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးအကြောင်းအရာများကို သိရှိနားလည်တတ်စေရန်နှင့် ဗလငါးတန်နှင့်ဘက်စုံ ဖွံ့ဖြိုးပြည့်စုံသော အနာဂတ်လူရွယ်လူငယ်များ ပေါ်ထွန်းလာစေရန်…စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေး မှူးရုံး အစည်းအဝေးခန်းမအတွင်း သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲပြုလုပ်ပေးကြောင်း သိရသည်။
May 07,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ရုံးဖွင့်ချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးတွင် အီလက်ထရောနစ်မှတ်ပုံတင်စနစ်​ဖြင့် မြို့နယ်အတွင်းနေထိုင်သူများမှ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူများကို အီလက်ထရောစနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ၊ ဇီဝအချက်အလက်များတို့ကို ဆက်လက်ကောက်ယူမှတ်ပုံတင်၍ UID (Unique Identity Number) စာရွက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 07,2024
ပဲခူးတိုင်းဒေသကြီး၊ ​ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
May 07,2024
နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရေန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်ကို အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လူရည်ချွန်မောင်/မယ်များကို စနစ်တကျဖြင့် အောင်မြင်စွာ ရွေးချယ်ဆောင်ရွက်သည့် လူရည်ချွန် စီမံကိန်းလုပ်ငန်းစဉ် တစ်ရပ်လည်း ပါဝင်ပါသည်။ လူရည်ချွန် စီမံကိန်းဆောင်ရွက်ရာတွင် ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြု လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်စေသည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား/ ကျောင်းသူများကိုစံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန်ဟူသော ရည်ရွယ်ချက် (၃) ရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
May 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပကြောင်း သိရသည်။
May 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။