မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ​သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မြို့သစ် မေ ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက်က မြို့သစ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံဝင်းအတွင်း သံဃာတော်များဆေးကုသဆောင်၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျန်းမာ‌ရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးနှင့်အတူ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား စာရင်း​ရေးသွင်းပြီး ကိုယ်အလေးချိန်နှင့် အရပ်ပေတိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊ ‌သွေးချိုစစ်ဆေးပေးခြင်း၊ ECG စစ်ဆေးပေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်ပေးပြီး လိုအပ်သည့်‌ ဆေးဝါးများအား အခမဲ့ထုတ်ပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)