ဟိုမိန်း မေ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းနှင့် ခြင်ပေါက်ဖွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်(Abate)ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဟိုမိန်းမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုမိန်းမြို့အုပ်ချုပ်ရေးမှူးဦးသူရအောင်၊ ဟိုမိန်းမြို့ တိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာစိုင်းခေးရွက်နှင့်အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ဟိုမိန်းမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရေတွင်းရေကန်များ၊ ရေတိုင်ကီများတွင် ခြင်၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရေး၊ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်းအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း ဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး(Abate)ခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာများတွင်လည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထက်ထက်(ဟိုမိန်း)